Sick ဇာတ်ကားနဲ့ စင်ကာပူရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့သူ ဒါရိုက်တာဇော်ဘိုဘိုဟိန်းနှင့်တွေ့ဆုံခြင်း

0
98

စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်-၂၀၁၉(Singapore International Film Festival 2019)မှာ မြန်မာနိုင်ငံက လူငယ်ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းဟာ လူနာ (Sick)ဇာတ်လမ်းတိုနဲ့ အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြိမ်(၃၀)မြောက် စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံက ဒါရိုက်တာအောင်ဖြိုးရိုက်ကူးထားတဲ့ “ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့” ရုပ်ရှင်ဇာတ်လမ်းတိုနဲ့ ဒါရိုက်တာဇော်ဘိုဘိုဟိန်းရဲ့ လူနာ(Sick)ဇာတ်လမ်းတိုတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒါရိုက်တာဇော်ဘိုဘိုဟိန်းက အကောင်းဆုံးဒါရိုက်တာဆု ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာဇော်ဘိုဘိုဟိန်းရဲ့ ဆုရဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဖြစ်သူ လူနာတစ်ဦးကို မြို့နယ်ဆေးရုံသို့ လာရောက်ပို့ဆောင်ပေးတဲ့ ဇာတ်ဆောင်တစ်ယောက်အနေနဲ့ သူငယ်ချင်းအပေါ်ထားရှိတဲ့ သံယောဇဉ်နဲ့ ဆေးကုသစရိတ်တို့အကြား လွန်ဆွဲနေပုံကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကျင်းပပြီးစီးခဲ့တဲ့ (၉)ကြိမ်မြောက် ဝဿန် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရရှိခဲ့ဖူးပါတယ်။

စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော် ၁၉၈၇ ခုနှစ်မှာ စတင်ကျင်းပပေးခဲ့ပြီး စင်ကာပူမှာ အကြီးကျယ်ဆုံးနဲ့ သက်တမ်းအရှည်ဆုံး ရုပ်ရှင် ပွဲတော်ဖြစ်လာခဲ့ပါတယ်။ အဲဒီပွဲတော်မှာ ငွေရောင်ပိတ်ကားဆု ရွေးချယ်ဆု ချီးမြှင့်မှုအနေနဲ့ အာရှနဲ့အရှေ့တောင်အာရှ ဇာတ်လမ်း ပြိုင်ပွဲနှစ်စလုံးတို့မှာ  အကောင်းဆုံးအကဲဖြတ်ရရှိတဲ့ ဇာတ်ကားတွေကို ဆုရွေးချယ် ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here