Facebook နှင့် MyTel တို့ ပူးပေါင်း၍ အခမဲ့ အက်ပလီကေးရှင်း update လုပ်ဆောင်နိုင်ရန် ဝန်ဆောင်မှုပေးမည်

0
39

Facebook နှင့် MyTel တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် Facebook အက်ပလီကေးရှင်း ဗားရှင်းအဟောင်း (ဗားရှင်း v201 အပါအဝင် ရှေ့တွင်ထွက်ရှိထားသည့် ဗားရှင်းများ) မှ နောက်ဆုံးထွက်ရှိထားသည့် ဗားရှင်းအသစ်သို့ (အက်ပလီကေးရှင်း update ပြုလုပ်ရန် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ) အခမဲ့တစ်ကြိမ် ဗားရှင်းမြှင့်နိုင်မည်ဟု အကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းလာခြင်းကြောင့် ပြည်သူ များ သတင်းအချက်အလက်များ အလွယ်တကူ ရယူနိုင်လာပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရာတွင် ထူးခြားကောင်းမွန်သည့် ပုံစံအသစ်များကို အသုံးပြုနိုင်လာကြသည့်အားလျော်စွာ သန်းပေါင်းများစွာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအရ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
“မြန်မာနိုင်ငံက Facebook အသုံးပြုတဲ့ လူမှုအသိုင်းအဝိုင်းအတွက် Facebook ကို ဘေးကင်းလုံခြုံမှုရှိရှိနဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ဆိုတာ ကျွန်မတို့ တကယ့်ကို အရေးကြီးတဲ့ ဦးစားပေး ကိစ္စရပ်ပါ။ ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံက မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ လေးခုနဲ့ လက်တွဲပြီး ဒေသခံပြည်သူ သန်းပေါင်းများစွာအတွက် သူတို့လက်ရှိသုံးနေတဲ့ Facebook အက်ပလီကေးရှင်း အဟောင်းကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဗားရှင်း အသစ်ကို ငွေကြေး အကုန်အကျမရှိဘဲ ရယူအဆင့်မြှင့်တင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ” ဟု Facebook ၏ APAC Head of Connectivity and Access Policy ဖြစ်သူ Tenzin Norbhu က ပြောသည်။
ဆက်လက်ပြီး “ဒီလို လက်တွဲဆောင်ရွက်လိုက်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျွန်မတို့ ကြိုးစား ဖန်တီးပြီး ထည့်သွင်းပေးထားတဲ့ နောက်ဆုံးပေါ် ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံက Facebook လူမှုအသိုင်းအဝိုင်းက ရယူ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခု နောက်ဆုံးထွက်ရှိ ထားတဲ့ app နဲ့ ကျွန်မတို့ရဲ့လူမှုအသိုင်းအဝိုင်းကို ယူနီကုဒ်နဲ့ ပို့စ်တွေတင်နိုင်၊ စာစုတွေကို ဖတ်ရှုနိုင်အောင် ကူညီပေးပြီး မြန်မာနိုင်ငံရဲ့ ယူနီကုဒ်စံစနစ် ကူးပြောင်းရေးကို ထောက်ပံ့အားပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here