“ချိုးရုပ်” ရုပ်ရှင်ဇာတ်ကား စတင်ရုံတင်ပြသ

0
41

https://youtu.be/KtswQFczG9U

အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်ညွှန်း ဆဲဗင်းဒေး၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်) ရဲ့ ကျေးလက်ဒေသချစ်စရာကောင်းတဲ့အနှစ်သာရတွေနဲ့ ၅၂၈ ချစ်ခြင်းမေတ္တာကို ရိုက်ကူးပုံဖော်ထားတဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကို ဒီကနေ့ အောက်တိုဘာလ(၁၇)ရက်မှာ မြန်မာတစ်ပြည်လုံး စတင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။

ရန်ကုန်မြို့က သမ္မတရုပ်ရှင်ရုံမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေက  လာရောက်အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေနဲ့ ဒီကနေ့ မွန်းတည့် ၁၂ နာရီမှာ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဒီဇာတ်ကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေကတော့ မြင့်မြတ်၊ တိုင်ရွှန်၊ ခင်လှိုင်၊ အိချောပို၊ တက္ကသိုလ်ဂွမ်းပုံ၊ ညီနန္ဒ၊ ကြက်ဖ၊ ဝေရှိုင်း၊ ရွှေပိုးအိမ်၊ စိုးမိုးကြည်၊ တို့ဖြစ်ကြပြီး Comedy Drama ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ သိရပါတယ်။

“ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာခင်လှိုင်(ဉာဏ်ကြီးရှင်)ကို ကျနော်တို့ Latest Channel ဝိုင်းတော်သားတွေ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

“ချိုးရုပ်”ဇာတ်ကားမှာ ချစ်စရာ၊ ပျော်စရာ၊ ကြေကွဲစရာတွေအပြင် ကျေးလက်ဒေသရဲ့ အနှစ်သာရတွေကို
ကြည့်ရှုခံစားရမယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here