2019 Novel Coronavirus(2019-nCov)ေကြာင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီပူးတွဲဥက္ကဌ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး …………..

0
27

ကလတ်တလောပျံ့နှံ့ဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်ဟာလူစုလူဝေးများပြားနေတဲ့ပွဲတွေမှာ ပိုပြီးကူးစက်ပျံံ့ပွားနိုင်တာကြောင့်ပွဲလမ်းသဘင်တွေကိုလိုအပ်မှကျင်းပဖို့နဲ့တတ်နိုင်သမျှလျှော့ချဖို့တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဗိုင်းရပ်ပိုးအသစ်ကြောင့်ဖြစ်တဲ့ဒီရောဂါဖြစ်ပေါ်ပြောင်းလဲမှုသဘောသဘာဝဖြစ်စဉ်ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆက်လက်လေ့လာနေပြီးရောဂါဖြစ်ပွားသူတစ်ယောက်ဆီကနေတခြားသူတွေဆီကူးစက်ပျံ့နှံ့နိုင်မှုအခြေခံနှုန်း(basic reproduction number(RO) )မြင့်တာကိုကွန်ပျူတာနဲ့မျှော်မှန်းတွက်ချက်ရာမှာတွေ့ရတယ်လို့ပြောပါ သည်။ဒီရောဂါဖြစ်ပွားပျံ့နှံ့နေတာတရုတ်နိုင်ငံမှာနေ့တိုင်းဆက်လက်မြင့်မားနေပြီးတခြားနိုင်ငံတွေကိုလဲပျံ့နှံ့ နေတာကြောင့်ဝန်ကြီးဌာနတွေအကြားစနစ်တကျချိတ်ဆက်ဆောင်ရွက်တာကောင်းကောင်းလုပ်ရမှာဖြစ်သလိုဆက်သွယ်မှုလမ်းကြောင်းကိုတိတိကျကျချမှတ်ထားဖို့အင်မတန်အရေးကြီးတယ်လို့ဆိုပါတယ်။
ကိုယ်ခန္ဓာအပူချိန်တိုင်းကိရိယာတွေသုံးပြီးအပြည်ပြည်ဆိုင်ရာလေဆိပ်တွေ၊ ရေဆိပ်တွေ၊ နယ်စပ်ဝင်၊ ထွက်ပေါက်တွေမှာစောင့်ကြပ်ကြည့်ရှုနေပေမဲ့ ရောဂါပျိုးချိန်ဟာ၂ရက်ကနေ၁၄ရက်အတွင်းရှိတာကြောင့်ရောဂါ ပိုးကူးစက်ခံရသူတွေအနေနဲ့ရောဂါပျိူးချိန်အတွင်းပြည်တွင်းကိုဝင်ရောက်လာရင်သူတို့မှာသံသယရောဂါလက္ခဏာတွေကိုတွေ့ရမှာမဟုတ်ဘူးလို့ဝန်ကြီးကဆိုပါတယ်။
ဒါကြောင့်ဟိုတယ်၊ တည်းခိုခန်းကတာဝန်ရှိသူတွေ၊ခရီးသွားလမ်းညွှန်တွေ၊ အငှားကား၊ Bus Carနဲ့အဝေးပြေး ယာဉ်မောင်းနှင်သူတွေ၊ယာဉ်နောက်လိုက်တွေအနေနဲ့နိုင်ငံတကာခရီးသည်တွေမှာ သံသယရောဂါလက္ခဏာ တွေ့ရတာနဲ့နီးစပ်ရာကျန်းမာရေးဌာနကိုချက်ချင်းဖုန်းဆက်ပြီးအကြောင်းကြားပေးဖို့အရေးကြီးတယ်လို့ပြောပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့အင်တာနက်စာမျက်နှာတွေကနေအချိန်နဲ့တပြေးညီသတင်းထုတ်ပြန် ပေးနေလို့ဝန်ကြီးဌာနအသီးသီးအနေနဲ့လည်းပုံမှန်ကြည့်ရှုစေချင်သလိုကောလဟာလသတင်းတုတွေကိုကျန်းမာရေးဌာနကထုတ်ပြန်တဲ့သတင်းတွေနဲ့တိုက်ဆိုင်စီစစ်စေလိုတယ်လို့လည်းဒေါက်တာမြင့်ထွေးကတိုက်တွန်းခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here