၇ ကြိမ်မြောက် Memory နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်၊ ညနေ ၆ နာရီက ရန်ကုန်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ ဝဇီရာရုပ်ရှင်ရုံမှာ စတင်ပြသခဲ့ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်မြို့ရှိ သံတမန်များ၊ မြန်မာ့ရုပ်ရှင်လောကသားများ၊ အနုပညာအသိုင်းအဝိုင်းများနဲ့အတူ မီဒီယာများ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒါရိုက်တာခရစ္စတီးနားခီနဲ့ သရုပ်ဆောင်ဇဏ်ခီတို့ကလည်း ဒီအခမ်းအနားတက်ရောက်ရင်း မီဒီယာများနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝါရင့်အနုပညာရှင်အကယ်ဒမီဦးအောင်လွင်နှင့် ဒါရိုက်တာဦးကြည်စိုးထွန်းတို့ကလည်း ယခုရုပ်ရှင်ပွဲတော်နဲ့ပတ်သက်ပြီး Latest Channel ကို သဘောထားမှတ်ချက်ပေးခဲ့ကြပါတယ်။

ရုပ်ရှင်ပွဲတော်ရဲ့ပထမဆုံးရက်အဖြစ် ဝဇီရာရုပ်ရှင်ရုံမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပွဲတော်ရက် ၁၀ ရက်အတွင်း နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကား ၇၀ ကျော်နှင့်အတူ တခြားအစီအစဉ်များလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here