၂၀၁၉ ကူမင်း-ရန်ကုန် E-commerce နှင့် Smart City နှီးနှောဖလှယ်ပွဲ ကျင်းပ

0
39

၂၀၁၉ ကူမင်း-ရန်ကုန် နယ်စပ်ဖြတ်ကျော် E-commerce နှင့် စမတ်စီးတီး(Smart City) နှီးနှောဖလှယ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ ပြည်ဂါးဒင်းရုံးတာဝါမှာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို ယူနန်စမတ်စီးတီးပေါင်းစည်းဝန်ဆောင်မှုပေးရေးအသင်းက စီစဉ်ကျင်းပပြီး တရုတ်နိုင်ငံမှ စီးပွားရေးရပ်ဝန်းနှင့်ပိုးလမ်းမအစပျိုးခြင်း(BRI) ၊ အင်တာနက်ဖြည့်စွက် အမျိုးသားအဆင့်မဟာဗျူဟာအကောင်အထည်ဖော်ရန် ၊ မဲခေါင်ဒေသနိုင်ငံများ စီးပွားရေးနှင့်ကုန်သွယ်ရေး မြှင့်တင်ရန်နှင့် ကူမင်းကုန်သွယ်ရေးလွတ်လပ်ဇုန် နယ်စပ်ဖြတ်ကျော် E-commerce စမ်းသပ်ဧရိယာတိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here