၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံကျော် တိုးတက်

0
17

ရန်ကုန်၊ အောက်တိုဘာ ၄

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုများလာ‌ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် နှစ်ကာတူတွင် ကန်ဒေါ်လာ ၃ ဒသမ ၀၂ ဘီလီယံ ဝင်ရောက်ခဲ့ ပြီး ယခုနှစ် ကာလတူတွင် န်ဒေါ်လာ ၄ ဒသမ ၅ ဝင်ရောက်ခဲ့သော‌ကြောင့် ‌ဒေါ်လာ ၁ ဘီလီယံကျော် တိုးလာ‌ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ‌ပြောသည်။

“ ကာလတူကိို ကြည့်မယ်ဆိုရင်တော့ အများကြီးကွာတယ်။ မနှစ်ကထက် အများကြီးတက်လာတာ တွေ့ရတယ်။ ဒါပေမယ့် ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်မယ်ဆိုရင်တော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဝင်ရောက်မှုက အမေရိကန်ဒေါ်လာ ( ၆ ဒသမ ၁) ဘီလီယံအထိ ရှိခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဝင်ရောက်မှုက ကန်ဒေါ်လာ (၄ ဒသမ ၅) ဘီလီယံသာ ဝင်ရောက်ခဲ့လို့ ကန်ဒေါ်လာ (၁ ဒသမ ၆) ဘီလီယံနီးပါး လျော့နည်းသွားတယ်လို့ စာရင်းအချက်အလက်များအရ သိရပါတယ်”ဟု ၎င်းက ‌ပြောကားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဝင်ရောက်မှုက ကန်ဒေါ်လာ (၄ ဒသမ ၅) ဘီလီယံအတွက် မြန်မာနို်င်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းအရေအတွက် (၂၆၉)ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ (၄ ဒသမ ၁) ဘီလီယံကျော် ခွင့်ပြုခဲ့ပြီး အထူးစီးပွားရေးဇုန်ဥပဒေအရ လုပ်ငန်း (၁၆)ခုအတွက် ကန်ဒေါ်လာ သန်း (၃၆၀)ကျော် ခွင့်ပြုထား‌ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

Zawgyi version
============
၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ တိုးတက္

ရန္ကုန္၊ ေအာက္တိုဘာ ၄

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁ရက္မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္ေန့အထိ ျပည္တြင္းသို႔ ၀င္ေရာက္လာေသာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံပမာဏမွာ ယခင္ႏွစ္ကာလတူထက္ အေမရိကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ ပိုမ်ားလာ‌ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနရဲ႕စာရင္းမ်ားအရ သိရသည္။

ၿပီးခဲ့သၫ့္ ႏွစ္ကာတူတြင္ ကန္ေဒၚလာ ၃ ဒသမ ၀၂ ဘီလီယံ ဝင္ေရာက္ခဲ့ ၿပီး ယခုႏွစ္ ကာလတူတြင္ န္ေဒၚလာ ၄ ဒသမ ၅ ၀င္ေရာက္ခဲ့ေသာ‌ေျကာင့္ ‌ေဒၚလာ ၁ ဘီလီယံေက်ာ္ တိုးလာ‌ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္က ‌ေျပာသည္။

“ ကာလတူကိုိ ၾကည့္မယ္ဆိုရင္ေတာ့ အမ်ားႀကီးကြာတယ္။ မႏွစ္ကထက္ အမ်ားႀကီးတက္လာတာ ေတြ႕ရတယ္။ ဒါေပမယ့္ ဘ႑ာႏွစ္အလိုက္ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္၀င္ေရာက္မႈက အေမရိကန္ေဒၚလာ ( ၆ ဒသမ ၁) ဘီလီယံအထိ ႐ွိခဲ့ၿပီး ယခု ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ၀င္ေရာက္မႈက ကန္ေဒၚလာ (၄ ဒသမ ၅) ဘီလီယံသာ ၀င္ေရာက္ခဲ့လို႔ ကန္ေဒၚလာ (၁ ဒသမ ၆) ဘီလီယံနီးပါး ေလ်ာ့နည္းသြားတယ္လို႔ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္”ဟု ၎က ‌ေျပာကားသည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ၀င္ေရာက္မႈက ကန္ေဒၚလာ (၄ ဒသမ ၅) ဘီလီယံအတြက္ ျမန္မာႏုိ္င္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မ႐ွင္က လုပ္ငန္းအေရအတြက္ (၂၆၉)ခုအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ (၄ ဒသမ ၁) ဘီလီယံေက်ာ္ ခြင့္ျပဳခဲ့ၿပီး အထူးစီးပြားေရးဇုန္ဥပေဒအရ လုပ္ငန္း (၁၆)ခုအတြက္ ကန္ေဒၚလာ သန္း (၃၆၀)ေက်ာ္ ခြင့္ျပဳထား‌ေၾကာင္း
ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန စာရင္းမ်ားအရ သိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here