မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ဟာ ကမ္ဘာ့ဒုတိယအဆင့်မှ တတိယအဆင့်သို့ လျော့ကျသွား ……..

0
19

နေပြည်တော်တွင်ကျင်းပသော 2019 ခုနှစ်မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာ အရ
“2018 ခုနှစ် က ဘိန်းစိုက်ဧက ၉သောင်းကျော်ရှိရာမှ 2019 ခုနှစ်တွင် ၈သောင်းကျော်သာကျန်ရှိတော့သည်” ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဆိုပါသည်။ထိုအစီရင်ခံစာသည် မြန်မာနိုင်ငံမူးယစ်တားဆီးကာ ကွယ်ရေး ဗဟို အဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံး တို့ပူးပေါင်း တိုင်းတာပြီး ရခဲ့သည်ဟု သိရှိ ရပါသည်။
မြန်မာနိုင်ငံဧ။် ဘိန်းစိုက်ပျိုးမှုများတွင် 2017 ခုနှစ်၌ ဟက်တာ ၄၁၀၀၀ (ဧက ၁ သိန်းကျော်) ၊ 2018 ခုနှစ်၌ ဟက်တာ ၃၇၃၀၀ (ဧက ၉၂၀၀၀ ကျော်) ၊ 2019 ခုနှစ်၌် ဟက်တာ ၃၃၁၀၀ (ဧက ၈၁၀၀၀ ကျော်) အထိ နှစ်အလိုက် ကျဆင်းလာခဲ့ပါသည်။ ထို့အပြင် ဘိန်းထုတ်လုပ်မှုသည်လည်းဆက်လက်လျော့ကျနေခဲ့ပါသည်။
တစ်နိုင်ငံလုံးအနေဖြင့်ဘိန်းစိုက်ပျိုးခြင်းဧ။် ၃၆ရာခိုင်နှုန်း မှာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ၂၇ရာခိုင်နှုန်း မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ၂၂ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ၁၂ ရာခိုင်နှုန်းမှာ ကချင်ပြည်နယ် နှင့် ၃ ရာခိုင်နှုန်းကတော့ ကယားနဲ့ချင်းပြည်နယ်တို့စိုက်ပျိုးခြင်းဖြစ်ကြပါသည်။
အစိုးရအနေနှင့်လည်း ဘိန်းစိုက်ပျိုးသည့်ဒေသများတွင် ဘိန်းစိုက်ပျိုးခြင်းများလျော့နည်းပပျောက်စေရန် နှစ်အလိုက် ဘဏ္ဍာငွေအမြောက်အမြားအကုန်ကျခံပြီး ကဏ္ဍအမျိုးမျိုး၌အဆင်ပြေစေရန်ဆောင်ရွက်ပေးခဲ့သည်ဟုဆိုခဲ့ပါသည်။
မြန်မာနိုင်ငံတွင် 1999 ခုနှစ်မှစတင်ပြီး မူးယစ်ဆေးဝါးပပျောက်စေရေး ၁၅နှစ် စီမံကိန်း နှင့် နောက်တိုး ၅နှစ်စီမံကိန်း များကို 2019 ခုနှစ်အထိ ရေးဆွဲခဲ့ကြခြင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here