အိန္ဒိယနှင့်ပါကစ္စတန်တို့ နူးကလီးယားတင်းမာမှုကြောင့် ကမ္ဘာ့ရာသီဥတုကို ဆိုးရွားစွာ သက်ရောက်

0
28

အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား နူးကလီးယားတင်းမာမှုသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဆိုးရွားစွာ သက်ရောက်စေကြောင်း အမေရိကန်အဆင့်မြင့်သိပ္ပံအသင်းက ပြောကြားလိုက်ကြောင်း fox news သတင်းက ရေးသားဖော်ပြသည်။
အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံကြားတွင် ကက်ရှ်မီးယားအရေးကိစ္စ အငြင်းပွားနေဆဲဖြစ်သည်။
နူးကလီးယားလက်နက်ကိုယ်စီ ပိုင်ဆိုင်ထားသော ထိုနိုင်ငံနှစ်နိုင်ငံတို့သည် မွတ်ဆလင်အများစုလွှမ်းမိုးရာ ကက်ရှ်မီးယားဒေသကို နယ်မြေပိုင်နက်ပိုင်းခြားရေး မကျေလည်လျက် ဆယ်စုနှစ် ၃ ခုကျော်အထိ အိန္ဒိယတပ်များနှင့် သူပုန်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်က အိန္ဒိယထိန်းချုပ်ထားသည့် ဂျာမူးနှင့်ကက်ရှ်မီးယားနယ်မြေများမှ လာဒက်ရှ်ဒေသကို ဗဟိုအစိုးရထိန်းချုပ်အောက် ထည့်သွင်းပြီး တပ်အင်အားထပ်မံတိုးမြှင့်ချထားကာ လုံခြုံရေး တင်းကြပ်ခဲ့သည်။
“ပါကစ္စတန်နဲ့ အိန္ဒိယတို့ ပဋိပက္ခဟာ နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ အသေအပျောက်နှုန်း သန်း ၅၀ ကနေ ၁၂၅ သန်းအထိ ရှိလာပြီးတဲ့အပြင် ကမ္ဘာ့အပူချိန်နဲ့ စားနပ်ရိက္ခာကို ပျက်ပြားစေတဲ့အတွက် တစ်ကမ္ဘာလုံးကို ထိခိုက်လာစေပါတယ်” ဟု အမေရိကန်အဆင့်မြင့်သိပ္ပံအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကက်ရှ်မီးယားဒေသသည် ၁၉၄၇ ခုနှစ်ကတည်းက ဗြိတိသျှလက်အောက်မှ အိန္ဒိယနှင့်ပါကစ္စတန် လွတ်မြောက်ပြီးနောက် နယ်မြေခွဲဝေမှု ပြဿနာစတင်ခဲ့သည်။
“ ၂၀၂၅ ခုနှစ်အရောက်မှာ ဒီနှစ်နိုင်ငံကြား နူးကလီးယားတင်းမာမှု ပိုပြင်းထန်လာမယ်လို့ မူဝါဒနဲ့စစ်ရေးသုတေသီတွေက ခန့်မှန်းထားပါတယ်” ဟု အမေရိကန်အဆင့်မြင့်သိပ္ပံအသင်းကြေညာချက်က ဆက်လက်ဖော်ပြသည်။
“တကယ်လို့ ပါကစ္စတန်ဘက်က ၁၅၀ ကီလိုတန်ချိန်ရှိတဲ့ လက်နက်ကြီးတွေနဲ့ မြို့ပြပစ်မှတ်တွေကို တိုက်ခိုက်လာပြီးတော့ အိန္ဒိယကလည်း ၁၀၀ ကီလိုတန်ချိန် နူးကလီးယားလက်နက်နဲ့ တုံ့ပြန်မယ်ဆိုရင် လေထုထဲကို ကာဗွန်အနက်ရောင်ညစ်ညမ်းမှုနှုန်း ၁၆ တီလာဂရမ်ကနေ ၃၆ တီလာဂရမ်အထိ ထုတ်လွှတ်တော့မှာပါ။ ဒီညစ်ညမ်းမှုဟာ နေရောင်ခြည်နဲ့ ကမ္ဘာ့အအေးထု ၂ ဒီဂရီစင်တီဂရိတ်ကနေ ၅ ဒီဂရီစင်တီဂရိတ်အထိ အဆီးအတား ဖြစ်စေမှာပါ” ဟု ယင်းကြေညာချက်က ဆိုသည်။
ကမ္ဘာပေါ်တွင် အမေရိကန်နှင့်ရုရှားတို့က နူးကလီးယားထိပ်ဖူး ၆၈၅၀ နှင့် ၆၅၅၀ အသီးသီးပိုင်ဆိုင်ထားကြပြီး ပါကစ္စတန်နှင့်အိန္ဒိယတို့က အဏုမြူပိုင်ဆိုင်မှု အဆင့် ၇ နှင့် အဆင့် ၂ တို့တွင် အသီးသီး ရပ်တည်နေကြသည်။
Source : Fox News

LEAVE A REPLY

Please enter your comment!
Please enter your name here