နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းသည် လာမည့် နိုဝင်ဘာ ၆ ရက်မှ စတင်၍ ရန်ကုန်မြို့၊ သုဝဏအားကစားကွင်းမှာ အာရှ ယူ၁၉ ခြေစစ်ပွဲများ စတင်ယှဉ်ပြိုင်မည်ဖြစ်ရာ အသင်းကြီးများဖြစ်သည့် တရုတ်၊ တောင်ကိုရီးယား တို့ ပါဝင်နေခြင်းကြောင့် မြန်မာအသင်းအတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပွဲကြီးပွဲကောင်းများအဖြစ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊
ယင်းပွဲစဉ်များအတွက် ကွင်းဝင်ကြေးများကို ရိုးရိုးတန်း ၁၀၀၀ ကျပ်နှင့် အထူးတန်း ၂၀၀၀ ကျပ်သာ သက်မှတ်ထားကြောင်း၊ ကွင်းထဲသို့ လာရောက်အားပေးနိုင်ခြင်းမရှိသည့် ဘောလုံးချစ်ပရိသတ်တွေ အတွက်လည်း My Sports Facebook Page နှင့် မြန်မာ့ရုပ်မြင်သံကြား MRTV တို့မှ ပြသပေးသွားရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
Source : www.facebook.com/MFFMYANMAR/