အယ်လ်ဘေးနီးယားတွင် ပြင်းထန်သောမြေငလျင်ကြောင့် လူ ၄ ဦးသေဆုံးပြီး ၁၅၀ ဒဏ်ရာရ

0
44

အယ်လ်ဘေးနီးယားနိုင်ငံ မြိုတော်တီရန်နာမှ ၁၃ မိုင် ဝေးကွာသောနေရာတွင် ယနေ့နိုဝင်ဘာလ ၂၆ ရက်၊ နံနက်စောစောက အင်အား ၆ဒသမ၄ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး လူ ၁၅၀ ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း စီအင်န်အင်န်သတင်းက ထုတ်လွှင့်သည်။
အမေရိကန်ဘူမိသုတေသနထုတ်ပြန်ချက်အရ အယ်လ်ဘေးနီးယားစံတော်ချိန် နံနက်စောစောပိုင်းက မြေအောက်အနက် ၂၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ဗဟိုချက်မှာ ဒူးရက်စ်ဆိပ်ကမ်းမြို့တွင် ဖြစ်ပြီး လူမှုကွန်ရက်တွင် တက်လာသော အတည်ပြုနိုင်သည့် ဗီဒီယိုမှတ်တမ်းများအရ ငလျင်လှုပ်ခတ်ခဲ့ရာ ဒေသတဝိုက် အဆောက်အဦအပျက်အစီးများဖြင့် ပြည့်နှက်သွားခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၅၀ ခန့်ဒဏ်ရာရကြောင်း အယ်လ်ဘေးနီးယားအစိုးရ၊ ကျန်းမာရေးဝန်ကြီး Ogerta Manastirliu အတည်ပြုပြောကြားခဲ့သည်။
ဒူးရပ်စ်၊ တီရန်နာ၊ လေဇီစသည့် မြို့ကြီး ၃ မြို့ရှိ စာသင်ကျောင်းမှာ အရေးပေါ်ပိတ်ထားခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။

Ref : CNN, Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here