အဓိပတိလမ်းက ရင်ခုန်သံဂီတညချမ်း” မီဒီယာရှင်းလင်းပွဲကျင်းပ

0
57

ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အနုပညာအသင်းက ကြီးမှူးကျင်းပမယ့် “အဓိပတိလမ်းက ရင်ခုန်သံဂီတညချမ်း” လို့အမည်ပေးထားတဲ့ ဂီတပွဲအကြောင်း မီဒီယာရှင်းလင်းပွဲကို ဒီကနေ့ နေ့လယ် ၁ နာရီခွဲက ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ(RC)မှာရှိတဲ့ အနုပညာအသင်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်အနုပညာအသင်းရဲ့ရန်ပုံငွေပွဲအဖြစ် တင်ဆက်မယ့် ဒီဂီတဖျော်ဖြေပွဲကို လာမယ့်ဒီဇင်ဘာလ ၇ ရက်၊ ညနေ ၅ နာရီကစတင်ပြီး RC ထဲမှာ ကျင်းပမှာဖြစ်ပြီး တေးသံရှင်များဖြစ်ကြတဲ့ ကိုင်ဇာ၊ မေခလာ၊ မောင်သိန်းဝင်း၊ သန်းမြတ်စိုး၊ တက္ကသိုလ်လဲ့လဲ့၊ တူးတူး၊ ဗစ်တာခင်ညို၊ ဖြိုးပြည့်စုံ၊ ဝေကြီး၊ ဟန်ထူးဈာန်၊ အိုင်းရင်းဇင်မာမြင့်၊ ဘီလီလမင်းအေး၊ ပိုးမီ၊ မို့မို့လွင်၊ ကေကေမိုး၊ ခိုင်မြဲသစ္စာတို့က ULTIZEN MUSIC BAND နဲ့အတူ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ 

ပွဲဝင်ကြေးလက်မှတ်နှုန်းထားများကိုတော့ ၅ သောင်းကျပ်ကနေ ၅ ထောင်ကျပ်အထိ သတ်မှတ်ထားပြီး Myanpwel website နဲ့ Myanpwel messenger bot တို့နဲ့ ☎️ ၀၉ ၄၄၅ ၁၅ ၁၀ ၁၀ တို့ကို ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here