အခွန်ကင်းလွတ်ခွင့်ပေးထားသော ထိုင်းကုန်စည်အချို့ ကုန်သွယ်ခြင်းကို ဆိုင်းငံ့ထားမည်ဟု ထရမ့်ပြောကြား

0
16
photo : bkk post
photo : bkk post

ထိုင်းနိုင်ငံမှ အမေရိကန်သို့ တင်သွင်းနေသည့် အခွန်ကင်းလွတ်ခွင့်ပေးထားသော ထိုင်းကုန်စည်အချို့ကုန်သွယ်ခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ထုတ်ဖော်ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းသတင်းက ဖော်ပြသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနှင့် ဒုတိယသမ္မတမိုက်ပင့်စ်တို့ထံသို့ ပေးပို့သောစာလွှာတစ်စောင်တွင် မစ္စတာထရမ့်က မိမိအနေဖြင့် ထိုင်းကုန်စည်အချို့ကို အခွန်ကင်းလွတ်ခွင့်ပေးထားခြင်းအား ဆိုင်းငံ့လိုက်ကြောင်း၊ အကြောင်းမှာ နိုင်ငံတကာအသိအမှတ်ပြု အလုပ်သမားအခွင့်အရေးအရ ထိုင်းနိုင်ငံရှိ အလုပ်သမားများဘက် ခြေဦးမလှည့်နိုင်သေး၍ ဖြစ်ကြောင်း ဆိုထားသည်။
ယေဘုယျဦးစားပေးစနစ်(GSP) အစီအစဉ်အောက်တွင် ထိုင်းနိုင်ငံအတွက် ဆိုင်းငံ့လိုက်သောကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၁ဒသမ၃ ဘီလီယံ(ဘတ်ငွေဘီလီယံ ၄၀) တန်ဖိုးဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။
ယခုကြေညာသည့် ဆိုင်းငံ့မှုသည် ထိုင်းကုန်သွယ်ရေးအစီအစဉ်အပါအဝင် ထိုင်းကုန်စည်များ၏ သုံးပုံတစ်ပုံအပေါ်
၆ လအတွင်း သက်ရောက်မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဆက်လက်ရေးသားသည်။

Source : https://www.bangkokpost.com/

LEAVE A REPLY

Please enter your comment!
Please enter your name here