ဟောင်ကောင်ဂယက်ကြောင့် စင်ကာပူသို့ ငွေကြေးအပ်နှံမှုများ ပိုမိုမြင့်တက်

0
19

စင်ကာပူဘဏ်များသို့ နိုင်ငံခြားငွေအပ်နှံမှုများ မကြာသေးမီလများက သိသိသာသာမြင့်တက်လာခဲ့ကြောင်း ဂျေပီမော်ဂန်က သုံးသပ်ပြောကြားလိုက်သည်။
ဟောင်ကောင်တွင် မငြိမ်မသက်ဖြစ်နေခြင်းက ရင်းနှီးမြှုပ်နှံသူများနှင့်ကုမ္ပဏီများအတွက် ၎င်းတို့ငွေကြေးများကို ဟောင်ကောင်အပြင် အခြားတစ်နေရာသို့ ပြောင်းလဲအပ်နှံရန် တွန်းအားပေးခဲ့သည်။
ဟောင်ကောင်အရေးကိစ္စကြောင့် စင်ကာပူသည် တိုက်ရိုက်အကျိုးအမြတ်ဖြစ်ထွန်းလာသည်ဟု ဆိုနိုင်ကြောင်း၊ မိတ်ဖက်လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့ငွေကြေးများကို စင်ကာပူသို့ ပြောင်းလဲအပ်နှံရန် အဆိုပြုချက်များကို မိမိတို့လက်ခံရရှိခဲ့ကြောင်း အချို့သော ဘဏ်လုပ်ငန်းရှင်များနှင့်ငွေကြေးမန်နေဂျာများက ထုတ်ဖော်ပြောကြားကြသည်။
စင်ကာပူသို့ ပြောင်းလဲအပ်နှံမှု ပိုမိုများပြားလာသဖြင့် ဟောင်ကောင်အနေဖြင့် အောက်တိုဘာလက အနည်းဆုံးဒေါ်လာ ၄ ဘီလီယံတန်ဖိုး နစ်နာခဲ့ရကြောင်း Golden Sanchs လုပ်ငန်းက ထောက်ပြပြောဆိုခဲ့ပြီး စင်ကာပူဘဏ္ဍာရေးအခြေအနေသည် အာရှဘဏ္ဍာရေးဆုံချက်ဖြစ်သော ဟောင်ကောင်ကို ပခုံးချင်းယှဉ်လာနိုင်ပြီဟု ဆိုသည်။
လပေါင်းများစွာ ကြာမြင့်အောင် ဖြစ်ပွားနေသည့် ဟောင်ကောင်ဆန္ဒပြမှုများသည် ဟောင်ကောင်ရှိလုပ်ငန်းများကို အနုတ်လက္ခဏာအသွင်ဆောင်လာစေသည်။ တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို အကြောင်းပြုလျက် ဒီမိုကရေစီအရေးတောင်းဆိုမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်လာခဲ့သည်။
“We can’t be conclusive that there is a shift from Hong Kong to Singapore,” J.P. Morgan’s “ဟောင်ကောင်ကနေ စင်ကာပူဆီကို ရွေ့လာတဲ့အရွေ့တစ်ခုအပေါ် ကျနော်တို့ တားဆီးလို့ မရစကောင်းပါဘူး” ဟု ဂျေပီမော်ဂန်အဖွဲ့၏ အာရှဂျပန်ပူးတွဲဘဏ္ဍာရေးသုတေသန ဒုတိယအကြီးအကဲ ဟက်ရှ်မိုဒီက သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်အုပ်ချုပ်နေသည့်ပိုင်နက်အတွင်းမှ စင်ကာပူစီးဆင်းလာနေသော ငွေကြေးအပ်နှံမှုနှင့်ပတ်သက်၍ ၎င်းကို မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
“စင်ကာပူဘဏ်စနစ်မှာ ပြီးခဲ့တဲ့ ၂ လ၊ ၃ လအတွင်း နိုင်ငံခြားလု်ပငန်းအပ်နှံငွေတွေ ထိုးတက်လာတာ အမှန်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက CNBC သို့ ပြောသည်။
“ဘဏ္ဍာရေးကဏ္ဍကနေ စီးဆင်းလာတဲ့အရွေ့တစ်ခုဖြစ်လို့ သင့်တင့်မျှတဲ့အလားအလာရှိမယ်လို့ မျှော်မှန်းပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဂျေပီမော်ဂန် Chase & Co သည် အမေရိကန်နိုင်ငံရှိ နိုင်ငံပေါင်းစုံရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေသော စီးပွားရေးအဖွဲ့အစည်းကြီးဖြစ်ပြီး ရုံးချုပ်ကို နယူးယောက်မြို့တွင် အခြေစိုက်ထားသည်။
Source : cnbc.com/

LEAVE A REPLY

Please enter your comment!
Please enter your name here