သက်ထားသူဇာနှင့်တွေ့ဆုံခြင်း

0
111

ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ နိုင်ငံတကာနဲ့ပြည်တွင်း ကြက်တောင်ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ၇ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အားကစား သက်တမ်းတလျှောက်မှာ ထိုင်းနိုင်ငံ၏ဘုရင်မင်းမြတ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆု (၆)ဆု အီဂျစ်မှာ နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီးတဦးချင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဖိလစ်ပိုင်မှာ မကြာသေးမီက ကျင်းပခဲ့တဲ့ ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game)မှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ယခုလတ်တလော ဒီဇင်ဘာလ ၂၅ ရက်ကနေ ၂၉ ရက်အထိ အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ပြီးရင် မိသားစုနဲ့အတူ New Year မှာ အထူးခရီးသွားဖို့ရှိတယ်လို့ မီဒီယာများကို သက်ထားသူဇာက မီဒီယာများကို ဒီကနေ့  ပြောပြခဲ့ပါတယ်။

သက်ထားသူဇာဟာ အသက် (၇) နှစ်အရွယ်မှ စတင်၍ ကြက်တောင်အားကစားအားစတင် သင်ကြားလေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံမှာ ကျင်းပတော့မယ့် ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ ရရှိနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားလေ့ကျင့်နေတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here