လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် တိုကျိုမြို့ နာရီတာလေဆိပ်သို့ရောက်ရှိ

0
39

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် တိုကျိုမြို့ နာရီတာလေဆိပ်သို့ရောက်ရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပမည့်ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် MMA လိုက်ဟဲဗီးဝိတ် ချန်ပီယံ မြန်မာ့စပါးကြီး အောင်လအန်ဆန်သည် ယနေ့ အောက်တိုဘာ ၅ ရက်
နံနက်ပိုင်းက နာရီတာလေဆိပ်သို့ရောက်ရှိလာကြောင်း သူ၏တရားဝင်ဖေ့စ်ဘုတ်စ်လူမှုကွန်ရက်ဖော်ပြချက် အရ သိရသည်။

MMA လိုက်ဟဲဗီးဝိတ် ချံပီယံ အောင်လအန်ဆန်သည် လာမည့်အောက်တိုဘာ ၁၃ရက် ညပိုင်းတွင် သူ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနဲ့ ထိုးသတ်ရမည်ဖြစ်သည်။
“ကျွန်တော့်အသင်းဖော်တွေနဲ့အတူ ဂျပန်မြေကိုရောက်ရှိလာပါပြီ.
ကျွန်တော်တို့ကိုနွေးထွေးစွာကြိုဆိုတဲ့..
ဂျပန်နိုင်ငံရောက် မြန်မာနဲ့ကချင်အဖွဲ့အစည်းတွေကို
အထူးကျေးဇူးတင်ရှိပါတယ်” ဟု အောင်လက လူမှုကွန်ရက်တွင် နှုတ်ခွန်းဆက်ထားကြောင်း လေ့လာတွေ့ရှိရသည်။
Photo and Source : https://www.facebook.com/AungLaNsangTheGreat/

LEAVE A REPLY

Please enter your comment!
Please enter your name here