“ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီဖြစ်ရန် သင့် ကုမ္ပဏီ အဆင်သင့်ဖြစ်နေပြီလား” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

0
101

“ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီဖြစ်ရန် သင့် ကုမ္ပဏီ အဆင်သင့်ဖြစ်နေပြီလား” Why should Myanmar Companies list on YSX ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမှာရှိတဲ့ ရန်ကုန်စတော့အိပ်ချိန်းရုံးမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ရှေးဦးစွာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM) မှ ဦးဌေးချွန်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် Senior Foreign Assoiciate Allen and Gledhill (အဲလင် အင်န် ဂရက်ဟေးလ်) မြန်မာမှ မစ္စတာကလီးမင့်ချိက မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်မှာ ဥပဒေနဲ့အညီ လုပ်ကိုင်မှုနဲ့ စာရင်းဝင်မှုပြင်ဆင်ခြင်းတို့အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာ Securities အိပ်ချိန်းစင်တာ၊ ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံရေးမှ မန်နေဂျာ ဦးထက်ဝင်းလတ်က “Role of a Securities Company in IPO/Listing” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တယ်။
အဲဒီနောက် ရန်ကုန်စတော့အိတ်ချိန်း၊ Listing and Trading Participant ဌာနမှူး ဦးပြည့်ဖြိုးအောင်က Why should Myanmar Companies list on YSX ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ ရန်ကုန်စတော့အိပ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီအရေအတွက် တိုးပွားလာစေဖို့နဲ့ ရန်ကုန်စတော့အိပ်ချိန်းမှာ စာရင်းဝင်ခြင်းဖြင့် ကုမ္ပဏီတွေအနေနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာနိုင်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here