မြဝတီ-ကော့ကရိတ်(အာရှလမ်းမကြီး)၊ မိုင်တိုင်အမှတ်(၁၅၈)km အနီး ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်

0
17

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မြဝတီ-ကော့ကရိတ်(အာရှလမ်းမကြီး)၊ မိုင်တိုင်အမှတ်(၁၅၈)km အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး နိုဝင်ဘာလ ၁ ရက် ယနေ့ နံနက် ၇း၂၅ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပူးပေါင်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၇း ၄၅ နာရီတွင် မီးငြိမ်းကြောင်း၊ ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သတင်းနှင့်ဓါတ်ပုံ – facebook.com/fsd.gov.mm

LEAVE A REPLY

Please enter your comment!
Please enter your name here