မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးသွားမည်

0
26

၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားနှင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ လက်ကျန် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့ လက်ရွေးစင် အသင်းအတွက် နည်းပြချုပ်အဖြစ်မှ ရာဂျူလိုဗစ်ကို နှစ်ဖက်သဘောတူညီချက် (Mutual Agreement) စာချုပ်ဖျက်သိမ်း၍ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုငငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီ အနေဖြင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် မြန်မာအသင်း ယှဉ်ပြိုင်ခဲ့မှုများအား ပြန်လည်လေ့လာ သုံးသပ်ခဲ့ပြီး ဆက်လက် တာဝန်ပေးရန် မသင့်တော်သည့်အတွက် ရာဂျူလိုဗစ်အား စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းအတွက် အချိန်မီ နည်းပြသစ်တစ်ဦး ခန့်အပ်တာဝန်ပေးရမည် ဖြစ်ရာ မြန်မာ့ဘောလုံးနှင့် ရင်းနှီးမှုရှိထားပြီး ဖြစ်သည့် ဂျာမန်နည်းပြ အန်တွမ်နီဟေးကို နည်းပြချုပ်အဖြစ် လည်းကောင်း၊ ဦးကြည်လွင်ကို လက်ထောက်နည်းပြ အဖြစ်လည်းကောင်း နည်းစနစ်ကော်မတီက ခန့်အပ်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း MFF က သတင်းထုတ်ျပန္ထားသည်။

Source: Myanmar Football Federation(MFF)

LEAVE A REPLY

Please enter your comment!
Please enter your name here