မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းရဲ့ ကြိုတင်ပြင်ဆင်ထားမှုကို နည်းပြချုပ် ဦးစိုးမြတ်မင်း ရှင်းပြ

0
65

နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပတော့မယ့်  အာရှယူ၁၉ ခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဒီကနေ့ နိုဝင်ဘာ ၅ရက် နေ့လယ် (၂)နာရီက အင်းယားလိတ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းရဲ့ကြိုတင်ပြင်ဆင်ထားမှုအနေအထားနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာ ယူ ၁၉ အသင်းနည်းပြချုပ်တာဝန်ယူထားတဲ့ ဦးစိုးမြတ်မင်းက မီဒီယာများကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းအနေနဲ့ နိုဝင်ဘာ ၆ ရက်၊ ညနေ ၃ နာရီမှာ တရုတ်အသင်း၊ နိုဝင်ဘာလ ၈ ရက် ညနေ ၆ နာရီမှာ တောင်ကိုရီးယားအသင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီမှာ စင်ကာပူအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

အာရှ ယူ – ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ယခင်က အာရှလူငယ်ချန်ပီယံရှစ်ပြိုင်ပွဲအဖြစ် လူသိများခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကို အာရှဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပပေးတာဖြစ်ပြီးတော့ ၁၉၅၉ ခုနှစ်က စတင်ခပါတယ်။ ၁၉၅၉ ခုနှစ် မှ ၁၉၇၈ အတွင်း နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်ပြိုင်ပွဲကနေစပြီးတော့ နှစ်နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here