မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လယ် ၂နာရီ ရန်ကုန်မြို့၊ ကုန်သည်လမ်းက သတင်းမီဒီယာကောင်စီရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

ရှေးဦးစွာ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပဏာမရှင်းလင်းပြောကြားရာမှာ
အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီကနေ ယခုလအတွင်း ညှိနှိုင်းဖြေရှင်းခဲ့သည့် အမှုကိစ္စတွေ၊ သတင်းမီဒီယာကျင့်ဝတ်နဲ့သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီကနေ သတင်းမီဒီယာကျင့်ဝတ်နဲ့ မညီတဲ့ Facebook Page, Website တို့မှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူခြင်း၊ သတင်းရေးသားနည်းသင်တန်း ပြင်ဆင်နေမှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် အတွင်းရေးမှူး ဦးကျော်စွာမင်းက ဖြည့်စွက်ရှင်းလင်းပြီးတော့ တက်ရောက်လာကြတဲ့ သတင်းထောက်တွေရဲ့မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here