မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်ရှိနေ

0
74

ရန်ကုန် အောက်တိုဘာ ၂

မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အမေရိကန်နိုင်ငံ စီးပွားရေးလုက်ငန်းရှင်များက ရင်းနှီးမြှုုပ်နှံမှု နှင့် ကုန်သွယ်ရေးလုပ်ငန်းများတွင် တိုးမြှင့်သွားရန်ရှိနေကြောင်း ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှသိရသည်။

“အဓိကကတော့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဖို့ပါ၊ အမေရိကန် ကုမ္ပဏီ အများအပြားလည်း ပါပါတယ်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုရော၊ ပူးပေါင်းဆောင်ရွက်မှုများပါ တိုးမြှင့်လုပ်ဆောင် သွားကြမှာပါ”ဟု -ASEAN Business Council မှ President & CEO ဖြစ်သူ Mr. Alexander C. Feldman ကပြောသည်။

မြန်မာနိုင်ငံရှိ တယ်လီကွန်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လက်ကားရောင်းချခြင်းနှင့် ဖြန့်ချိရေး လုပ်ငန်းများကို အလျင်အမြန် တိုးတက်စေချင်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr.Scot Marciel ၊ အမေရိကန် ထိပ်သီးစီးပွားရေး ကုမ္ပဏီများ ပါဝင်သော Abbott, Amazon, Bower Group Asia, Chevron, Chubb, Coca-Cola, Diageo, Ford, Google, Jhpiego, MasterCard, Visa တို့မှလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ် ၃၀ ဦးခန်နှင့် လုပ်ငန်း ၁၆ ခုမှ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံ အတွင်းသို့ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ အမေရိကန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၂၀) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ
၄၃၂ ဒသမ ၇၉၆ သန်းဖြင့် အဆင့် (၁၃) နေရာတွင် ရပ်တည်လျက်ရှိကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့်
ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ စွမ်းအင်ကဏ္ဍ နှင့် လက်လီလက်ကား ရောင်းဝယ်ဖောက်ကားသော ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here