မော်တော်ယာဉ်များအမည်ပေါက်မှတ်ပုံတင်ရေး ကညနသတင်းစာရှင်းလင်းပွဲကျင်းပ

0
16

အမည်ပေါက်မဖြစ်သေးတဲ့ မော်တော်ယာဉ်တွေကို အမည်ပေါက် မှတ်ပုံတင်ဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ယာဉ်ပိုင်ရှင်တွေအနေနဲ့ လက်ရှိပိုင်ရှင်အမည်၊ နေရပ်လိပ်စာ စတာတွေကို သက်ဆိုင်ရာဌာနဆီ တိတိကျကျ မှတ်ပုံတင်ရတော့မှာ ဖြစ်ပါတယ်။

ကညန ရဲ့ လတ်တလောထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဌာနဆိုင်ရာမှ တိုင်းဦးစီးမှူး ဦးလျှံကျင့်ခဏ်နဲ့ ရန်ကုန်အခြေစိုက်မီဒီယာတွေ ဒီကနေ့ နံနက် ၁၀ နာရီက ကညန(ရန်ကုန်တိုင်း) မြင်သာရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

အမည်ပေါက်ကိစ္စအတွက် အခွန်ဆောင်ရာမှာ ယာဉ်ပိုင်ရှင်တွေဟာ ၎င်းနဲ့ဆက်စပ်တဲ့မြို့နယ်တွေက အခွန်ဦးစီးရုံးတွေကို သွားရောက်ပြီး ပေးသွင်းစရာရှိတွေ ရှိသေးတယ်လို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ကြားသိခဲ့ရပါတယ်။

ယခုယာဉ်ပိုင်ရှင်အမည်ပေါက်ကိစ္စဟာ ယာဉ်အသစ်ကိုယ်ပိုင်ဝယ်ယူစီးနင်းတဲ့သူတွေအတွက် သိသိသာသာလှုပ်ခတ်မှုမရှိပေမယ့် နှစ်ပေါင်းများစွာ အဆင့်ဆင့် လက်လွှဲဝယ်ယူထားသူတွေ၊ မော်တော်ယာဉ်ဝယ်/ရောင်းလုပ်သူတွေအတွက် အဆင်မပြေမှုရှိနိုင်တယ်လို့လည်း ကြားသိရပါတယ်။

Zawgyi version
======
အမည္ေပါက္မျဖစ္ေသးတဲ့ ေမာ္ေတာ္ယာဥ္ေတြကို အမည္ေပါက္ မွတ္ပုံတင္ဖို႔ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန(ကညန) က တရားဝင္ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္မွာ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ လက္ရွိပိုင္ရွင္အမည္၊ ေနရပ္လိပ္စာ စတာေတြကို သက္ဆိုင္ရာဌာနဆီ တိတိက်က် မွတ္ပုံတင္ရေတာ့မွာ ျဖစ္ပါတယ္။

ကညန ရဲ့ လတ္တေလာထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ဌာနဆိုင္ရာမွ တိုင္းဦးစီးမႉး ဦးလၽွံက်င့္ခဏ္နဲ႔ ရန္ကုန္ေျခစိုက္မီဒီယာေတြ ဒီကေန႔ နံနက္ ၁၀ နာရီက ကညန(ရန္ကုန္တိုင္း) ျမင္သာ႐ုံးမွာ ေတြ႕ဆုံခဲ့ပါတယ္။

အမည္ေပါက္ကိစၥအတြက္ အခြန္ေဆာင္ရာမွာ ယာဥ္ပိုင္ရွင္ေတြဟာ ၎နဲ႔ဆက္စပ္တဲ့ၿမိဳ႕နယ္ေတြက အခြန္ဦးစီး႐ုံးေတြကို သြားေရာက္ၿပီး ေပးသြင္းစရာရွိေတြ ရွိေသးတယ္လို႔ ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ၾကားသိခဲ့ရပါတယ္။

ယခုယာဥ္ပိုင္ရွင္အမည္ေပါက္ကိစၥဟာ ယာဥ္အသစ္ကိုယ္ပိုင္ဝယ္ယူစီးနင္းတဲ့သူေတြအတြက္ သိသိသာသာလႈပ္ခတ္မႈမရွိေပမယ့္ ႏွစ္ေပါင္းမ်ားစြာ အဆင့္ဆင့္ လက္လႊဲဝယ္ယူထားသူေတြ၊ ေမာ္ေတာ္ယာဥ္ဝယ္/ေရာင္းလုပ္သူေတြအတြက္ အဆင္မေျပမႈရွိနိုင္တယ္လို႔လည္း ၾကားသိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here