ဘုရင့်နောင်တံတားအမှတ် ၁ ယခုလကုန်ပိုင်း၌ ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်

0
28

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်တံတားအမှတ် ၁ တွင် Bearing နှင့် Expansion Joint လဲလှယ်လုပ်ငန်းဆောင်ရွက်ခဲ့၍ ယနေ့အထိ ၇၅ ရာခိုင်နှုန်းပြီးစီးခဲ့ရာ
နိုဝင်ဘာလ ၂၉ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက် နံနက်တွင် Load Test ဖြင့် မော်တော်ယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ငန်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ မော်တော်ယာဉ်များအနေဖြင့် နိုဝင်ဘာလ ၃၀ ရက် နေ့လယ်ပိုင်းမှစ၍ ပုံပါမူလယာဉ်လမ်းကြောင်းအတိုင်း သွားလာနိုင်ကြောင်း၊ တင်ဆောင်နိုင်သည့် တန်ချိန်မှာ ယခင်ခွင့်ပြုထားသည့်တန်ချိန်အတိုင်းဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here