ဘဏ်ဂယက်ကြောင့် မြန်မာ့ရွှေဈေး ထိုးတက်

0
96
စက်တင်ဘာ ၄ ရက်၊ ၂၀၁၉
 
ဗဟိုဘဏ်ဂယက်များကြောင့် ဘဏ်မှငွေထုတ်ပြီး ရွှေအပိုင်းလိုက် ဝယ်ယူစုဆောင်းသူများလာကြောင့် ရွှေဈေးကွက်အတွင်း၌ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က” ကမ္ဘာ့ဈေးကလည်းတက်တယ်။ ပြည်တွင်းမှာ ဝယ်လိုအားကလည်း တအားများတဲ့ အခါကျတော့ တက်လာခြင်းပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဗဟိုဘဏ်လည်း နေ့စဉ် ဒေါ်လာဈေးက နေ့တိုင်းတက်နေတယ်။ အဲတော့ ကျနော်တို့ရွှေဈေးက ချလို့ မရပဲဖြစ်နေတာ”ဟု ပြောသည်။
ရွှေဈေးကွက်အတွင်း ဖြစ်နေသောဈေးသည် ကမ္ဘာ့ရွှေဈေး အတက်၊ အကျ အပြင် ပြည်တွင်းဒေါ်လာဈေး အတက်၊ အကျနှင့် ဈေးကွက်၏ ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်၍ ချိတ်ဆက်ထားကြောင်း ၎င်းက စက်တင်ဘာလ ၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထူးအစည်းဝေးပွဲ၌ မီဒီယာများကို ပြောခြင်းဖြစ်သည်။
ရွှေဘုံသာလမ်းမှ ရွှေဆိုင် ပိုင်ရှင်တဦးက”ကမ္ဘာ့ရွှေဈေးြမင့်တာကြောင့်ဖြစ်သလို နည်းနည်းလေး အခု ရုတ်ရုတ်ဖြစ်နေတာကြောင့်လည်း ပါတယ်။ ရွှေဈေးရဲ့ အခြေနေက အခုလက်ရှိအပေါ်မူတည်ပါတယ်။ ဒါတွေ မပြီးတော့ ပြန်မကျလာနိုင်သေးဘူး”ဟု ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here