နေပြည်တော်ရေပန်းဥယျာဉ်၌ ပန်းပွဲတော်နှင့်ဖျော်ဖြေရေးပွဲများ တစ်လကျော်ကြာ ကျင်းပသွားမည် ……………………

0
29

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် နေပြည်တော် ရေပန်းဥယျာဉ်၌ ပန်းပွဲတော်နှင့်ဖျော်ဖြေ ပွဲများ ကို ဖေဖော်ဝါရီလ 14 ရက်နေ့မှစတင်၍ မတ်လ 31 ရက်နေ့မထိတစ်လကျော်ကြာစည်ကားသိုက်မြိုက်စွာကျင်းပသွား ပါမည်။
ထိုပွဲတော်အတွက်တာဝန်ယူဆောင်ရွက်လျက်ရှိသော Sun Myat Tun Construction Group Co.Ltd မှ မန်နေဂျာ ဒေါ်နုနုဝင်းမှ “ပထမအကြိမ်မြောက်ကျင်းပသောပန်းပွဲတော်ဖြစ်သောကြောင့် ပန်းပျိုးပင်မျိုးစိတ်ပေါင်း သုံးဆယ်ကျော် အပင်ပေါင်း နှစ်သိန်းကျော် စိုက်ပျိုးထားကြောင်း ၊ ချစ်သူစုံတွဲများအတွက်လည်း ဓါတ်ပုံရိုက်ရန် ရှုခင်း လှလှလေးများ ဖန်တီးထားကြောင်း ၊ စားသောက်ဆိုင်များကိုလည်းဖွင့်လှစ်ထားကြောင်း ၊ နိုင်ငံကျော်တေးသံရှင် များဧ။် ဖျော်ဖြေတင်ဆက်မှုများကိုလည်း ချစ်သူများနေ့နှင့်အပတ်စဉ်စနေ၊တနင်္ဂနွေနေ့များတွင် ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့ပါသည်။
ဝင်ကြေးမှာ တစ်ယောက်ကို 1500 ကျပ် သာ ကျသင့်မည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပမှခရီးသွားဧည့်သည်များ လာရောက် အပန်းဖြေနိုင်ရန် ရည်ရွယ်ထားကြောင်းသိရပါသည်။

Source : https://www.moi.gov.mm/?q=node/33866

 

LEAVE A REPLY

Please enter your comment!
Please enter your name here