ထိုင်းပို့ကုန်စျေးကွက်ကို ထိုးဖောက်ရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် SCB က အသေးစားနှင့် အလတ်စားစီးပွါးရေးအကြောင်း ပို့ချလေ့ကျင့်ပေး

0
73
စက်မူကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်း (အလယ်)၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak (ဘယ်ဘက်မှ ၅ ယောက်မြောက် ) ၊ မဲခေါင်ဒေသနိုင်ငံများ နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာအရာရှိMs. Thira Nuntametha, SCB (ညာဘက်မှ ၅ ယောက်မြောက်) S C B PLC ရန်ကုန် ရုံးချူပ်မှ အမူဆောင်အရာရှိချူပ် Ms. Vitita Theeraporn (ညာဘက်မှ သုံးယောက်မြောက်) နှင့် SCB SME ဆိုင်ရာ လမ်းပြပေးသူများအဖွဲ့

 

စက်မူကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်း (အလယ်)၊
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak (ဘယ်ဘက်မှ ၅ ယောက်မြောက် ) ၊
မဲခေါင်ဒေသနိုင်ငံများ နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာအရာရှိMs. Thira Nuntametha, SCB (ညာဘက်မှ ၅ ယောက်မြောက်)
S C B PLC ရန်ကုန် ရုံးချူပ်မှ အမူဆောင်အရာရှိချူပ် Ms. Vitita Theeraporn (ညာဘက်မှ သုံးယောက်မြောက်) နှင့် SCB SME ဆိုင်ရာ လမ်းပြပေးသူများအဖွဲ့

Siam Commercial Bank (SCB) သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DISI) နှင့် ပူးပေါင်း၍ SCB အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံသို့ မြန်မာ့ထွက်ကုန်များ ကိုတင်ပို့ရန် လက်တွေ့လမ်းညွှန်မှုဖြင့် အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းများအတွက် အကြံပြုချက်များ၊ ထိုင်းနိုင်ငံတွင် စျေးကွက်အခွင့်အလမ်းတိုးချဲ့ရန် မြန်မာရှိကုန်ပစ္စည်းအမှတ် တံဆိပ်မှတ်ပုံတင်ခြင်း၊ သမားရိုးကျနှင့် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်းလမ်းကြောင်းများနှင့် ထုပ်ပိုးခြင်းများအပါအဝင် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့မည်သို့အောင်မြင်စွာတင်ပို့ရန် စသဖြင့် အခန်းကဏ္ဍများစွာပါဝင်သည့် သင်တန်း လေ့ကျင့်ပို့ချပေးကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ ပါဝင်တက်ရောက်သူများအနေဖြင့် ထိုင်းနိုင်ငံ၏စီးပွါးရေးအလားအလာနှင့် လက်ရှိစားသုံးသူများ၏ အပြုအမူများကိုလည်း လေ့လာနိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak က ထိုင်းပို့ကုန်စျေးကွက်ကို ထိုးဖောက်ရန် ကြိုးပမ်းနေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် SCB မှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလေ့ကျင့်ရေးနေ့ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ်


အဆိုပါ သင်တန်းနှင့်ပတ်သက်၍ စီးပွားရေးသမားများ၊ စီးပွားရေးဂုရုများနှင့် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံလုံးမှ နိုင်ငံတကာစီးပွါးရေးကျွမ်းကျင်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ထိုင်းစျေးဝယ်သူများကို ပိုမိုစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်ရန် သူတို့၏အမြင်များနှင့် အတွေ့အကြုံများကို ကမ်းလှမ်းခဲ့ကြကြောင်း၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ အဝတ်အထည်များ၊ အလှကုန်များနှင့် များစွာသောကဏ္ဍအသီးသီးရှိ ကုမ္ပဏီ ၆၀ တို့မှ အမှုဆောင်အရာရှိ ၁၀၀ ကျော် တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here