ထိုင်းတွင် စက်ရုံ ၂၀၀ ကျော်ပိတ်သိမ်းလိုက်သဖြင့် အလုပ်သမားပေါင်း ၂၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ် …….

0
20

ထိုင်းနိုင်ငံတွင် စက်ရုံ ၂၀၀ ကျော်ကို 2020 ဇန်နဝါရီလ တစ်လ တည်း၌ပင် ပိတ်သိမ်းလိုက်သောကြောင့် လူပေါင်း ၂၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါသည်။အဆိုပါပိတ်သိမ်းခဲ့သည့် စက်ရုံများဧ။် စုစုပေါင်းရင်းနှီးမြှပ်နှံမှုပမာဏ မှာ ဘတ်သန်းပေါင်း ၂ ဒသမ ၂၉ ထောင်ရှိသည်ဟုသိရပါသည်။
သို့ပေမဲ့လည်း မနှစ်ကအလုပ်လက်မဲ့ဖြစ်သူ အလုပ်သမားဦးရေ ၃၆၀၀ ကျော်ရှိခဲ့ပေမဲ့လည်း အစိုးရအနေဖြင့်အဆိုပါ အလုပ်သမားများကို ကြည့်ရှူစောင့်ရှောက်ခဲ့ကြောင်း၊ဒီနှစ်လည်းနောက်ထပ်စက်ရုံ၊အလုပ်ရုံသစ်များမှတ်ပုံတင်ထား သည့်အတွက် လုပ်သားအမြောက်အမြားလိုအပ်ချက်ရှိလာမည်ဖြစ်ပြီးအလုပ်လက်မဲ့ပြသနာအတွက် စိုးရိမ်စရာမရှိ ဟု လည်း စက်မှုစီးပွားရေးဇုန်ကွပ်ကဲရေးဌာနညွှန်ကြားရေးမှူး နိုင်းထောင်းန်းချိုင်းချဝလစ်ချိတ် က ပြောထားခဲ့ပါသည်။

Source : https://xyznews.co/…/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%…/

LEAVE A REPLY

Please enter your comment!
Please enter your name here