Now and Ever – ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကို ယခုတစ်ပတ်စတင်ရုံတင်ပြသခဲ့ရာ ပါဝင်ရုပ်ဆောင်ထားတဲ့ ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ ဒါရိုက်တာခရစ္စတီးနားခီနဲ့ ရုပ်ရှင်အဖွဲ့သားတွေဟာ အမြို့မြို့အနယ်နယ်က ပရိသတ်များကို တရင်းတနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရလက်မှတ်ရေးထိုးနေကြတာ တွေ့ရပါတယ်။

ဒီကနေ့အောက်တိုဘာလ ၂ ရက် နေ့လယ်ခင်းမှာလည်း ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ Now and Ever ရုပ်ရှင်အဖွဲ့သားတွေဟာ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီဇာတ်ကားထဲမှာပါဝင်တဲ့ Original Sound Track- OST အခွေကိုလည်း စတင်ရောင်းချပေးခဲ့ကြပါတယ်။

နောက်ရက်တွေမှာလည်း မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ မကွေး၊ ပြည်မြို့တို့မှာလည်း ပရိသတ်တွေနဲ့ ဆက်လက်တွေ့ဆုံသွားမယ်လို့ သတင်းရရှိကြောင်းပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here