တရုတ်တံခါးဖွင့်ဝါဒမြှင့်တင်ရန် အချက် ၅ ချက်ကို သမ္မတရှီကျင့်ဖျင်ပြောကြား

0
17

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က တံခါးဖွင့်ဝါဒပိုမိုမြှင့်တင်ရန်အတွက် အချက် ၅ ချက် ဆောင်ရွက်ရန် နိုဝင်ဘာလ ၅ ရက်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

(၁) တံခါးဖွင့်စီးပွားရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ရန်

(၂)တံခါးဖွင့်စီးပွားရေးအတွက် မူဘောင်များ ပိုမိုကောင်းမွန်စေရန်

(၃) ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်အောင် ဆက်လက်ဆောင်ရွက်ရန်

(၄)နှစ်ဦးနှစ်ဖက်နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမို၍ ဆက်လက်ဆောင်ရွက်ရန်

(၅) ပိုးလမ်းမစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အကောင်အထည်ဖော်ရန် တို့ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားခဲ့စဉ် ယင်းကဲ့သို့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ပိုမိုကောင်းမွန်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာများသို့ ဦးတည်လျက်ရှိသည်ဟုယုံကြည်ရပြီး အခြားသောနိုင်ငံများအား ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ ပိုမိုရရှိစေရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

Source : Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here