ခေတ်အဆက်ဆက် ကလေးကဗျာတွေ၊ သီချင်းတွေမှာ ရေပန်းစားခဲ့တဲ့ ဆင်မကြီးမိုမိုရဲ့ ၆၆ နှစ်ပြည့် မွေးနေ့အခမ်းအနားကို မနက်ဖြန် နိုဝင်ဘာ ၃ ရက်မှာ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

မိုမိုရဲ့မွေးနေ့ မနက်ပိုင်းမှာ သံဃာတော်များကို ဆွမ်းကပ်ပြီး နေ့လယ်ပိုင်းမှာ မိုမိုကိုယ်တိုင်မွေးနေ့ကိတ်ခွဲပြီး အဆိုအကများနဲ့ တင်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂ ရက် စနေနေ့မှာတော့ မိုမိုနဲ့အတူနေထိုင်တဲ့ အခြားဆင်လိမ္မာတွေဟာ အပတ်စဉ်တင်ဆက်နေကျ အစီအစဉ်များနဲ့ လာရောက်ကြည့်ရှုကြတဲ့မိဘပြည်သူများကို အသုံးတော်ခံ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

မိုမိုဟာ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ထဲကို ၇ နှစ်နှစ်သမီးထဲက စတင်ရောက်ရှိခဲ့ပြီးတော့ လိမ္မာယဉ်ကျေးတဲ့ဆင်လိမ္မာအဖြစ် အထူးထင်ရှားခဲ့ပါတယ်။ သူ့ရဲ့ဥ◌ီးနှောက်အသိဉာဏ်ဟာ မူလတန်းအရွယ်ကလေးတစ်ယောက်လို ပါးနပ်ပြီးအကျွမ်းတဝင်ဖြစ်တယ်လို့ မိုမိုရဲ့ဆင်ဥ◌ီးစီးက ကျနော်တို့ Latest Channel ကို ရှင်းပြခဲ့ပါတယ်။

မိုမိုရဲ့မွေးနေ့အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မှာ ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲများ ခင်းကျင်းပြသရောင်းချလျက်ရှိပါတယ်။ မျက်လှည့်ပြကွက်၊ ဆင်၊မျောက်၊မြွေ စွမ်းရည်ပြသသည့် ပြကွက်တွေလည်း ပါဝင်ပြီး မနက်ဖြန် နိုဝင်ဘာ ၃ရက် တနင်္ဂနွေနေ့မှာ အဆိုတော် ဖြိုးပြည့်စုံ၊ ဂျူဝယ်၊ လင်းခန့် (The Voice)၊ ရွှေစင် (အိပ်မက်ဆုံရာ)၊ လဖိုင်နန်ရော်(အိပ်မက်ဆုံရာ) တို့က Lucky Hand Band နဲ့အတူဖျော်ဖြေကြမယ်လို့ သိရပါတယ်။
ဟာသလူရွှင်တော် “လင်းလက်ကြယ်စင်” အနုပညာအင်အားစုက ဟာဒယရွှင်ဆေးတိုက်ကျွေးသွားမည်ဖြစ်ပြီး Myanmar Got Talent က မျက်လှည့်ပညာရှင် ဖြစ်တဲ့ Dark Spirit ရဲ့မျက်လှည့်ပြကွက်တွေ ၊ Pro Dancer Group ရဲ့ ကပြမှုတွေ၊ MC ဇော်ထက်နဲ့အတူတူ ဂိမ်းဆော့ရမယ့်အစီအစဉ်တွေလည်း ထည့်သွင်းထားတယ်လို့ သတင်းရရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here