စလီနာဂိုမက်စ်ရဲ့သီချင်းသစ်က ဂျက်စတင်ဘီဘာကို စောင်းဆိုထားသည်ဟုဆို

0
41

ယခုရက်ပိုင်း စလီနာဂိုမက်စ် သီဆိုပြီး Lose You To Love လို့နာမည်ပေးထားတဲ့ သီချင်းသစ်ထွက်ပေါ်လာခဲ့အတွက် ပရိသတ်နဲ့အနုပညာဝေဖန်သူတွေရဲ့ကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။

ဒီသီချင်းဟာ စလီနာရဲ့ချစ်သူဟောင်း ဂျက်စတင်ဘီဘာကို ရည်ရွယ်ပြီး ခံစားချက်တွေ ဖွင့်ဟထားတဲ့စာသားတွေ ပါနေတယ်ဆိုပြီး ဝေဖန်သံတွေ ဆူညံသွားခဲ့သလို စလီနာဂိုမက်ဇ်ဘက်ကနေ စာနာကြေကွဲနေတဲ့သူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။

အမေရိကန်ပေါ့ပ်စတားတွေ ဖြစ်ကြတဲ့ စလီနာဂိုမက်ဇ်နဲ့ ဂျက်စတင်ဘီဘာတို့ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တွဲခဲ့ကြပြီးတော့ ပြတ်လိုက်၊ ပြန်တွဲလိုက်နဲ့ ကာလအတန်ကြာခဲ့ပါတယ်။

အခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာတော့ ဂျက်စတင်ဘီနဲ့  ဟိုင်လေးဘော်ဝင်း(Hailey Baldwin) နဲ့ တရားဝင်လက်ထပ်လိုက်ပြီး မရှေးမနှောင်းမှာပဲ စလီနာဂိုမက်ဇ်ရဲ့ Lose You To Love သီချင်းသံ ပျံ့လွင့်လာခဲ့တာ ဖြစ်ပါတယ်။

Lose You To Love တေးသီချင်းရဲ့နောက်ထပ်ထူးခြားချက်ကတော့ စက်မှုပိုင်းဆိုင်ရာရိုက်ကူးထုတ်လုပ်ရာမှာ iPhone 11 နဲ့သီချင်းတစ်ပုဒ်လုံးကို အသံဖမ်းရိုက်ကူးထားတာလို့ သိရပါတယ်။ ကျွဲကူးရေပါဆိုသလို စလီနာဂိုမက်ဇ်ရဲ့အသည်းကွဲသီချင်းနဲ့အတူ iPhone 11 အရောင်းမြှင့်တင်ရေး လုပ်ခဲ့တာပါ။ Apple က အဲဒီသီချင်းကို iTunes နဲ့ Apple Music တို့မှာပါ အွန်လိုင်းပရိုမိုးရှင်းလုပ်ပြီး iPhone 11 ရဲ့စွမ်းဆောင်ရည်ကို သုံးစွဲသူတွေအကြား ချပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Lose You To Love သီချင်းသစ်ကို https://youtu.be/zlJDTxahav0 မှာ အခုလိုတွေ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here