စပါးအခြောက်ခံစက်နှင့် အသေးစားသိုလှောင်ရုံတည်ထောင်ရန် အဆိုပြုနိုင်ကြောင်း ဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ကမ်းလှမ်း

0
21


ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အခြောက်ခံစက်နှင့် အသေးစားသိုလှောင်ရုံတည်ထောင်ရန် စိတ်ပါဝင်စားပါက အဆိုပြုတင်ပြနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဖိတ်ခေါ်ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။ ယင်းသို့ ဖိတ်ခေါ်ကမ်းလှမ်းရခြင်းမှာ ဆန်စပါးသီးနှံရိတ်သိမ်းပြီးနောက်ပိုင်း အရည်အသွေးမကျဆင်းစေရန်နှင့် ဆုံးရှုံးလျော့နည်းမှုသက်သာစေရန် လည်းကောင်း၊ စပါးများ စုပြုံပေါ်ချိန်တွင် အစိုဓါတ်မြင့်မားလေ့ရှိသော စပါးများကို စနစ်တကျဝယ်ယူအခြောက်ခံသိုလှောင်ခြင်းဖြင့် ဝယ်လိုအားမြှင့်တင်နိုင်ကာ စပါးပေါ်ချိန် ဈေးကျဆင်းမှုအား ထိန်းသိမ်းရန်လည်းကောင်း၊ ကျေးလက်ဒေသတွင် ရင်းနှီးမြှုပ်နှံသည့် အသေးစား၊ အလတ်စားလုပ်ငန်းများကို အားပေးရန်လည်းကောင်း အဓိကရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ကြေညာချက်ဖြင့် ဖော်ပြထားသည်။ အဆိုပါကြေညာချက်ကို အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Source : acebook.com/myanmarricefederationyangon

LEAVE A REPLY

Please enter your comment!
Please enter your name here