ငလျင်သည် ကြိုတင်ခန့်မှန်း၍ မရသော ဘေး အန္တရာယ်တစ်ရပ် ဖြစ်သည်။ ငလျင်ကြောင့် လူမသေဘဲ လူများဆောက်လုပ်ထားသော အဆောက်အအုံများ ထိခိုက်မှုကြောင့်သာ လူတို့ ထိခိုက် ပျက်စီးရသည် ဖြစ်ရာ အဆောက်အအုံများအား စစ်ဆေး ပြင်ဆင်ခြင်း၊ မိသားစုတို့ နေထိုင်ရာ နေရာများတွင် ပြုတ်ကျ နိုင်သော ပရိဘောဂများအား စစ်ဆေး ပြုပြင်ခြင်း၊ အရေးကြုံလျှင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မည်သို့ တုန့်ပြန် ဆောင်ရွက်ကြမည်ကို စဉ်းစားထားခြင်း စသည့် ကြိုတင် ကာကွယ်မှု လုပ်ငန်းစဉ်များ လိုအပ်ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရပ်ရွာလူထုအနေဖြင့်လည်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ငလျင်ဘေးဒဏ်ကြုံတွေ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မျှဝေဖော်ပြလိုက်ပါသည်။

#MRCS #Earthquake
Source : Myanmar Redcross Society

LEAVE A REPLY

Please enter your comment!
Please enter your name here