ဂျီဟက်စစ်သွေးကြွများဒုံးကျည်ပစ်လွှတ်နေမှု ရပ်တန့်ရန် အစ္စရေးဝန်ကြီးချုပ် သတိပေး

0
31

ဂါဇာဒေသရှိ အစ္စလာမ္မစ်ဂျီဟက်စစ်သွေးကြွများအနေဖြင့် ဒုံးကျည်များ ပစ်လွှတ်၍ တိုက်ခိုက်နေခြင်းရပ်တန့်ရန်နှင့် အကယ်၍ မရပ်တန့်ပါက ၎င်းတို့အထိနာမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက သတိပေးတောင်းဆိုလိုက်သည်။ ပါလက်စတိုင်းလူငယ်တစ်ဦးအပါအဝင် အနည်းဆုံးလူ ၂၀ ဦးသေဆုံးခဲ့ရသော အကြမ်းဖက်မှု သိသိသာသာအရှိန်တက်လာသည့်ဒုတိယနေ့တွင် နေတန်ယာဟု၏သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုက အစ္စရေးအစိုးရအစည်းအဝေးတွင် ပြောကြားရာ၌ “ ပါလက်စတိုင်းတွေအနေနဲ့ ရွေးချယ်စရာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဆက်တိုက်နေမှာလား၊ ဒီဘက်က တုံ့ပြန်တာ လိုချင်သလား ဆိုတာပါပဲ။ သူတို့အတွက် အချိန်ရပါသေးတယ်” ဟု ထည့်သွင်းသတိပေးခဲ့ခြင်းဖြစ်သည်။ အစ္စရေးဘက်မှ တုံ့ပြန်တိုက်ခိုက်မည်ဆိုပါက အကြင်နာတရား ပါဝင်လိမ့်မည်မဟုတ်ကြောင်း နေတန်ယာဟုက ထပ်လောင်းပြောကြားခဲ့သည်။

“အစ္စရေးက တင်းမာဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုအပ်တာမှန်သမျှ လုပ်ရပါလိမ့်မယ်။ ကျနော်တို့ဘက် ကာကွယ်ဖို့နဲ့ တွန်းလှန်ဖို့ သန္နိဋ္ဌာန်ချထားပြီးပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်းက အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွများ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကြုံတောင့်ကြုံခဲပစ်မှတ်ထားတိုက်ခိုက်မှုအနေဖြင့် ဂါဇာကမ်းမြောင်ရှိ အစ္စလမ္မစ်ဂျီဟက်ခေါင်းဆောင်တစ်ဦးကို အစ္စရေးကို ရှာဖွေချေမှုန်းခဲ့သည်။ အဆိုပါဂျီဟက်ခေါင်းဆောင် ဘာရှာအဘူအယ်အက်တာသည် ဒုံးကျည်များဖြင့်ပစ်ခတ်မှု၊ ဒရုန်းနှင့်စနိုက်ပါတို့ဖြင့်လုပ်ကြံမှုတို့ဖြင့် တာဝန်ရှိသူဖြစ်ကြောင်း အစ္စရေးအစိုးရက စွပ်စွဲထားသည်။ ဤအယ်အက်တာ သေဆုံးကြောင်းကို အစ္စရေးစစ်ဘက်နှင့်ထောက်လှမ်းရေးခေါင်းဆောင်များက အတည်ပြုကြောင်း အစ္စရေးအစိုးရဘက်မှ ကြေညာခဲ့ကာ မစ္စတာနေတန်ယာဟုက ထောက်ခံခဲ့သည်။

အင်္ဂါနေ့ နံနက်ပိုင်းကတည်းက အစ္စရေးပိုင်နက်အတွင်းသို့ ပါလက်စတိုင်းဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်အနည်းဆုံး ၂၅၀ ခန့်ကျရောက်ခဲ့ကြောင်း၊ ယင်းဒုံးကျည်ဆယ်ဂဏန်းမျှကို အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်ဖြင့် ဖျက်ချခဲ့ကြောင်း သိရသည်။

Source : https://www.express.co.uk

LEAVE A REPLY

Please enter your comment!
Please enter your name here