ဂျပန့်ရင်သွေး” ရုပ်ရှင် လာမည့် ၂၀၂၀ ပြည့်နှစ် မတ်လ၌ ရန်ကုန်တွင် ပြသမည်

0
20


ဒီဂျစ်တယ်စနစ်သို့ ပြုပြင်ထိန်းသိမ်းပြီးသည့် “ဂျပန့်ရင်သွေး” ရုပ်ရှင်ကို အောက်တိုဘာလ ၂၆ ရက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြသခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မြို့တွင်လည်း ပြသရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
“ဂျပန့်ရင်သွေး” ရုပ်ရှင်သည် ၁၉၃၅ ခုနှစ်၌ မြန်မာ့ရုပ်ရှင်ဖခင်ကြီးဟု တင်စား ခေါ်ဝေါ်ကြသည့် ဒါရိုက်တာ ဦးညီပုက ဂျပန်ရုပ်ရှင်ကုမ္ပဏီနှင့် ပူးပေါင်းရိုက်ကူးခဲ့သည့် ပထမဆုံး ဂျပန် – မြန်မာ ပူးပေါင်းရုပ်ရှင် ဖြစ်ကြောင်း၊ တိုကျိုမြို့နှင့် ရန်ကုန်မြို့အကြား လေယာဉ်စွန့်စား ပျံသန်းနိုင်ရန်အတွက် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာလူငယ်တစ်ဦးနှင့် ဂျပန်မိန်းမပျိုတို့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားသည်။ အဆိုပါရုပ်ရှင်ကို ဂျပန် အမျိုးသားရုပ်ရှင်မော်ကွန်းတိုက်က နောက်ဆုံးပေါ် ဒီဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး မြန်မာနိုင်ငံဘက်မှ ပြန်ကြားရေးဝန်ကြီးဌာန၊ ကုန်ကျစရိတ်များကိုထောက်ပံ့ပေးသော ဂျပန်အစိုးရဘက်မှ Agency of Culture၊ ဂျပန်အမျိုးသားရုပ်ရှင်မော်ကွန်းတိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းနှင့် IMAGICA Film Lab၊ အေဝမ်း ရုပ်ရှင်ထုတ်လုပ်ရေးနှင့်မိသားစု၊ Save Myanmar Film တို့အားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ဂျပန်အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် Agency for Cultural Affairs နှင့်အတူ “ဂျပန့်ရင်သွေး”ရုပ်ရှင်ပြသပွဲ၊ ရုပ်ရှင်စကားဝိုင်းတို့ကို တိုကျိုတွင် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဦးသိန်းထွဋ် (အေဝမ်းရုပ်ရှင်ကုမ္ပဏီ)၊ ကိုဥက္ကာ(Save Myanmar Film) တို့ ပါဝင်ပြောကြားခဲ့ကြကြောင်း သိရသည်။
Source : ဂျပန်သံရုံး ဖေ့စ်ဘွတ် page

LEAVE A REPLY

Please enter your comment!
Please enter your name here