ခြေစမ်းပွဲနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (၂) ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား (၂၄) ဦး စာရင်း ထွက်ပေါ်လာ

0
69


မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၇ ရက်တွင် နီပေါအသင်းနှင့် ခြေစမ်းပွဲ၊ နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (၂) ပွဲအတွက် နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှစ၍ မန္တလေးမြို့၌ လေ့ကျင့်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ခြေစမ်းပွဲနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (၂) ပွဲအတွက် ပဏာမ ကစားသမား (၂၄) ဦး စာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်ဟု သိရသည်။
Source : www.facebook.com/MFFMYANMAR

LEAVE A REPLY

Please enter your comment!
Please enter your name here