ကဗျာဆရာ၊ စာရေးဆရာ သစ္စာနီရဲ့ မွေးနေ့ Thit Sar Ni 73 တစ်ကိုယ်တော်ပန်းချီပြပွဲခင်းကျင်းပြသနေ

0
37

ကဗျာဆရာ၊ စာရေးဆရာ သစ္စာနီရဲ့ ၇၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် Thit Sar Ni 73 တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အလှသစ်ပန်းချီခန်းမမှာ ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်မှာ စတင်ပြသခဲ့ပါတယ်။
မွန်းလွဲပိုင်း ၂ နာရီမှာ ဆရာသစ္စာနီမွေးနေ့အမှတ်တရအနေနဲ့ စာပေ၊ ကဗျာ၊ ပန်းချီအနုပညာအသိုင်းအဝိုင်းမှ ချစ်ခင်လေးစားကြသူများက မုဒိတာစကားနဲ့ကဗျာများ ရွတ်ဆိုကြပြီး မွေးနေ့ကိတ် ခွဲခဲ့ကြပါတယ်။
၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆရာသစ္စာနီဟာ သူ့ဘဝတလျှောက်လုံးကို စာပေနဲ့ကဗျာအနုပညာလုပ်ငန်းတွေထဲမှာ မြှုပ်နှံခဲ့သလို ပန်းချီအနုပညာကိုလည်း အခါအားလျော်စွာ ရေးဆွဲလေ့ရှိခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပန်းချီပြပွဲမှာ သူ ရေးဆွဲထားတဲ့ပန်းချီကားတွေကို အမေရိကန်ဒေါ်လာ ၂၀၀ ကနေ ၅၀၀ အတွင်း ဈေးနှုန်းသတ်မှတ်ထားပြီး နိုဝင်ဘာလ ၃ ရက်အထိ ၅ ရက်တိုင်တိုင် နေ့စဉ် နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီ ပြသလျက်ရှိတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here